Map Graph

ရွာဇင်ရွာ၊ ခင်ဦးမြို့နယ်

ရွာဇင်ရွာ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရွာဇင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၅၉၂ ဖြစ်သည်။ရွာဇင်ဟု အလွယ်ခေါ်ခဲ့ကြသော်လည်း ရုံးသုံးနှင့် ရေးသားရာတွင် ရွာစဉ်ဟု ခေါ်ဝေါ်ရေးသားကြသည်။ ၂၀၁၄ ခုနှစ် တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှု့အရ အိမ်ခြေ (၁၂၀၀) ခန့်ရှိ၍ လူဦးရေ (၅၀၀၀) ကျော်နေထိုင်သော ရွာကြီးတစ်ရွာဖြစ်သည်။ ရွာ၏တောင်ဘက်တွင် အခြေခံပညာ အထက်တန်းကျောင်း နှင့် တိုက်နယ်ဆေးရုံတည်ရှိသည်။ ရွာသားများသည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဘုန်းတော်ကြီးကျောင်း (၇) ကျောင်းရှိသည်။ ရွာသူရွာသားအများစုမှာ တောင်သူလယ်သမားများဖြစ်ကြပြီး ဆန်စပါး၊ နှမ်း၊ ကြံ နှင့် ပဲအမျိုးမျိုး တို့ကို မိုးရာသီတွင် စိုက်ပျိုးကြသည်။ ရွာစဉ် စံပြကျေးရွာ၏ အဓိကလိုအပ်ချက်မှာ လျှပ်စစ်ဓာတ်အားနှင့် ကောင်းမွန်သောလမ်းပန်းဆက်သွယ်ရေး စနစ် ဖြစ်သည်။

Read article